၂၀၁၇ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း ၃၂.၈၂% ရှိခဲ့ပါတယ်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာတော့ တစ်နိုင်ငံလုံးအောင်ချက်ရာချက်ရာခိုင်နှုန်းအနေနှင့် ၃၁.၄၄% ရှိပါတယ်။
နှစ်စဉ်နှစ်တိုင်း တက္ကသိုလ်ဝင်တန်းဖြေဆိုသူဦးရေ ၈ သိန်းကျော်ခန့်ရှိပြီး ၎င်းတို့အနက်မှသုံးပုံတစ်ပုံခန့်သာ စာမေးပွဲအောင်ကာ အဆင့်မြင့်ပညာများဆက်လက်လေ့လာခွင့်ရကြပြီး ကျန်‌ ကျောင်းသားများကတော့ အခြေခံအလုပ်များလုပ်ကိုင်ရန်အတွက်အလုပ်ခွင်ဝင်သွားကြရတာအများစုဖြစ်ပါတယ်။ အခြေခံအလုပ်များလုပ်ကြရာမှာတော့ အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ယူနိုင်ရန်အချိန်နည်းပါးသွားခြင်း၊ လစာဝင်ငွေနည်းပါးခြင်း၊ အလုပ်သမားအခွင့်အရေးများမရရှိခြင်း စသည့် အခက်အခဲများစွာကို လူငယ်များကြုံတွေ့ကြရပါတယ်။
PST Foundation ရဲ့ရည်ရွယ်ချက်ကတော့ ဒီလိုပညာဆုံးခန်းမတိုင်ပဲ လုပ်ငန်းခွင်စောစောဝင်မိပြီး အဆင်မပြေဖြစ်ကြတဲ့ကျောင်းသားလူငယ်များတတ်နိုင်သမျှနည်းစေရန်၊ ဆရာ ဆရာမများသွားလာရခက်ခဲသော ဒေသများရှိက‌လေးများပါ တက္ကသိုလ်ဝင်တန်းပညာရပ်များ လွယ်ကူစွာသင်ယူနိုင်ရန်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားလာစေရန်မှတစ်ဆင့် နိုင်ငံ၏အနာဂတ်လူငယ်များကို အခွင့်အလမ်းကောင်းများ ဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ ဖွဲ့စည်းခဲ့ပါသည်။


The pass rate of matriculation students in 2017-2018 academic year was 32.82% where that in the year 2018-2019 was only 31.44%.
Every year, there were a total of almost 800,000 students sitting for the matriculation examination and only one-third of them made it successfully towards higher education. The rest have failed the exam and undergone manual labor. With manual jobs, the young people have to face many difficulties including lesser time for professional studies, low income, impaired labor opportunities etc.
The Purpose of the PST Foundation is;
  • To reduce the number of students who had to work in unsatisfactory jobs due to incomplete education
  • To provide easily-assessable matriculation study for all students, including those in the remote areas
  • To improve matriculation examination pass rates, and thereby,
  • To implement better work opportunities for the future generations

Our Purpose image