What We Do imageWhat We Do image
PST Foundation အနေဖြင့်
  • တက္ကသိုင်ဝင်တန်းသင်ခန်းစာများကို နားလည်လွယ်သော၊ အောင်မှတ်ရလွယ်သော ပုံစံများဖြင့် လေ့ကျင့်သင်ကြားပေးနိုင်ရန် စီစဉ်ပေးခြင်း
  • သက်ဆိုင်ရာဘာသာရပ်အလိုက် ဝါရင့်ဆရာ၊ ဆရာမကြီးများမှ သင်ခန်းစာနှင့်လေ့ကျင့်ခန်း ဗီဒီယိုများအတွက် ပြင်ဆင်ထားပေးခြင်း
  • စာဖြေဆိုချိန်တွင် မေးခွန်းပုံစံနှင့် ရင်းနှီး‌နေစေရန်တက္ကသိုလ်ဝင်တန်းမေးခွန်းဟောင်းများကို လေ့ကျင့်ခန်းများတွင် အကြိမ်ရေများစွာထည့်သွင်းပေးထားခြင်း
  • ကျောင်းသားများ၏ နားလည်နိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းများကို ဦးစားပေးသော လေ့ကျင့်ခန်းများ ထည့်သွင်းထားပေးခြင်း
  • ဝေးလံသော၊ အင်တာနက်ရရှိရန်ခက်ခဲသော ဒေသများမှ ကျောင်းသားများပင် အလွယ်တကူအသုံးပြုနိုင်ရန် သင်ခန်းစာဗီဒီယိုများ၊ လေ့ကျင့်ခန်းများကို စီစဉ်ပေးထားခြင်း
စသည့် သင်ကြားရေးနှင့် သက်ဆိုင်သောဆောင်ရွက်မှုများကို စီစဉ်ပေးလျက်ရှိပါသည်။
ထို့အပြင် PST Publishing မှလည်းလူငယ်များအတွက် အဖိုးတန်စာပေများ ထုပ်ဝေလျက်ရှိပြီး ယခုချိန်အထိ အောက်ပါ စာအုပ်များကို ထုပ်ဝေပြီးဖြစ်ပါသည်။
  • ၁. တပ်မက်မှုအပေါ် ရူးသွပ်ပါ
    ၂၀၂၀ ခုနှစ်တွင် ထွက်ရှိခဲ့သော PST Publishing ၏ ပွဲဦးထွက် စာအုပ်ဖြစ်ပါသည်။ ကိုယ်ယုံကြည်ရာတစ်ခုကို ရူးသွပ်ရင်းကြိုးစားခဲ့ကြသောလေးစားအားကျစရာကောင်းသည့်သူများအကြောင်း၊ စာရေးသူ (အောင်တင်ဝင်း) ၏ ဘဝကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့သောအမှန်တရားများအကြောင်း စသည့် တန်ဖိုးမဖြတ်နိုင်သော အကြောင်းအရာပေါင်းများစွာ၊ သင်ခန်းစာပေါင်းများစွာကိုရေးသားဖော်ပြထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
  • ၂. ဆာဒကိုနှင့် စက္ကူကြိုးကြာငှက်တစ်ထောင်
    PST Foundation ၏ တည်ထောင်သူ ဦးအောင်ကျော်မိုးမှ ဖွားစိန်တင် (စံပယ်ခြံ) ကလောင်အမည်ဖြင့် နှလုံးသားဖြင့်ခံသား၍ ဘာသာပြန်ထားသော စာအုပ်လေးတစ်အုပ်ဖြစ်ပါသည်။ မူရင်းရေးသားသူမှာ အမေရိကန်စာရေးဆရာမ Eleanor Coerr ဖြစ်ပါသည်။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဖြစ်ရပ်မှန် ဖြစ်ပြီး ၁၂ နှစ်အရွယ်ဂျပန်ကလေးငယ်တစ်ယောက်အကြောင်းရေးသားထားသော စာအုပ်ဖြစ်ပါသည်။ ရသစာပေအမျိုးအစားဖြစ်ပြီး အဖိုးတန်ဗဟုသုတများလည်း ပါဝင်ပါသည်။ ၂၀၂၂ ခုနှစ်တွင် ထွက်ရှိခဲ့ပါသည်။
  • ၃. ဓမ္မပူဇာတေးသီချင်းများ လေ့လာချက်
    ဒေါက်တာယဉ်မာအေး၏ ၁၅ ကြိမ်မြောက် ဝိဇ္ဇာပညာရပ်ဆိုင်ရာဆုရ သုတေသနစာတမ်းတစ်ခုဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်တွင် ထွက်ရှိခဲ့ပါသည်။


As of PST Foundation; we are working hard to
  • Prepare matriculation curriculum in a certain form to provide ease of assess towards students, and to ensure higher pass rates
  • Arrange lessons and exercises be prepared by highly experienced and renowned teachers in each of the subjects
  • Encompass as many old questions as we can in the exercises to provide a familiar experience in the final examination
  • Put in practice problems which positively increase the students' ability of comprehension and problem solving skills
  • Arrange lesson videos and exercises in easily reachable approach so that even students in remote areas and those who have limited assess to the internet can utilize them well.
In addition, PST Publishing is also distributing valuable literature for the youth, and so far the following books have been distributed.
  1. Tat-Mat-Hmu-A-Paw-Yu-Tut-Par
    This is PST Publishing's debut book released in 2020. It is about admirable people who madly tried to do something they believed in. There are many priceless topics such as the truths that changed the life of the author (Aung Tin Win). It is a good book with many lessons written.
  2. Sadako and the thousand paper cranes
    It is a book translated by the founder of PST Foundation, U Aung Kyaw Moe, under the pen name of Phwar Sein Tin (Jasmine Farm). The original author is an American writer, Eleanor Coerr. The book is written about a 12-year-old Japanese child and it is a true story after World War II. It is a genre of fiction and contains valuable knowledge. It is released in 2022.
  3. A study of Dhamma-Pu-Zar songs
    This is a research paper that won the 15th Arts and Sciences Award of Dr. Yin Mar Aye. It is released in 2023.